Tution feesပေးစရာမလိုဘဲ ကမ္ဘာ့အဆင့်မီပညာရေးကိုတည်ငြိမ်အေးချမ်းပြီးဖွံ့ ဖြိုးတဲ့နိုင်ငံမှာဆည်းပူးလိုပါသလား။
ဒါဆိုရင်တော့ Northern Lightsတွေ midnight sunတွေစသည်ဖြင့် သဘာဝအလှတရားတွေနဲ့ ပြည့်နေတဲ့ Norwayနိုင်ငံက ပထမဆုံးစဉ်းစားသင့်တဲ့နိုင်ငံဖြစ်ပါတယ်။
Norwayနိုင်ငံမှာဘာလို့ပညာသင်ယူသင့်တာလဲ။
နော်ဝေနိုင်ငံက ခေတ်မီနည်းပညာတွေနဲ့ ဖွံ့ဖြိုးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာကျောင်းသားတွေကိုပါ ပညာသင်စရိတ်အခမဲ့နဲ့ quality educationကိုပေးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
Englishနဲ့သင်တဲ့ဘာသာရပ်တွေ ဘွဲ့ဒဂရီတွေများပြားပြီး Englishလိုဆက်သွယ်ပြောဆိုဖို့လည်းအဆင်ပြေပါတယ်။language barrierအတွက်တော့ပူစရာမလိုတော့ပါဘူး။
ကျောင်းသားတွေအနေနဲ့ part-time workတွေလုပ်နိုင်တဲ့အပြင် norwayနိုင်ငံမှာ သဘာဝအလှတရားတွေနဲ့လည်ပတ်လို့ကောင်းတဲ့နေရာတွေလည်းအများကြီးရှိပါတယ်။
ဒါဆိုရင်Norwayနိုင်ငံမှာဘွဲ့ကြိုပညာသင်ယူနိုင်ဖို့ဘာတွေလိုအပ်သလဲ။
Norwayနိုင်ငံရဲ့secondary level school passတာနဲ့ညီမျှတဲ့ ပညာအရည်အချင်းလိုအပ်ပါတယ်။နိုင်ငံအလိုက်ကွဲပြားနိုင်တဲ့ academic requirementတွေကိုအောက်ပါwebsiteကနေသွားရောက်လေ့လာနိုင်ပါတယ်။
https://www.nokut.no/en/surveys-and-databases/nokuts-country-database/GSU-list/
နေ့စဉ်ပြောဆိုဆက်ဆံဖို့နဲ့ ပညာသင်ဖို့အတွက် Englishကတော့ မဖြစ်မနေလိုအပ်ပြီး institutionပေါ်လိုက်ပြီး English proficiency requirementက ကွဲပြားနိုင်ပါတယ်။
(နော်ဝေဘာသာစကားနဲ့သင်တဲ့ဘာသာရပ်တွေကိုတက်ချင်ရင်တော့ နော်ဝေဘာသာကိုကျွမ်းကျင်ကြောင်းပြနိုင်ရပါမယ်။)
ဒါ့အပြင် နော်ဝေနိုင်ငံက နေထိုင်မှုစရိတ်ကြီးမြင့်တဲ့အတွက် ငွေကြေးဆိုင်ရာကြိုတင်ပြင်ဆင်မှူ နဲ့ ပညာသင်ဆုကြိုတင်လျှောက်ထားမှုကလည်းအရေးပါ ပါတယ်။
နော်ဝေနိုင်ငံမှာပညာသင်ဖို့အတွက်လျှောက်ထားနိုင်တဲ့ ပညာသင်ဆုတွေ exchange programတွေနဲ့ပတ်သက်ပြီးလည်း အောက်ပါlinkကနေလေ့လာနိုင်ပါတယ်။
https://www.studyinnorway.no/study-in-norway/find-available-scholarships-and-grants
Pyin Nyar Hub ကနေပြီးနိုင်ငံခြားမှာကျောင်းသွားတက်ဖို့ နဲ့ scholarship ဖြေဆိုဖို့ ပြင်ဆင်ရာမှာ အဓိကလိုအပ်တဲ့ IELTS Band Score ကောင်းကောင်းရစေဖို့ အတွေ့အကြုံရှိ ဆရာ၊ဆရာမတွေက လေ့ကျင့်ပေးမယ့် IELTS Foundation Class Batch 3 ကို ဖွင့်လှစ်သွားတော့မှာဖြစ်လို့ သင်တန်းတက်ရောက်ဖို့အတွက် မေးမြန်းချင်တာတွေကို chat boxမှာ အချိန်မရွေးလာရောက်စုံစမ်းနိုင်ပါတယ်။
Batch 3 အကြောင်းဖတ်ရန် >
https://www.facebook.com/174235870795842/posts/398460895040004/
ဆရာနဲ့ သင်ယူသူ ရာနှုန်းပြည့် တိုက်ရိုက်ထိတွေ့ လေ့ကျင့်ပေးနိုင်အောင် 100% Face-to-Face Training ကိုပါ စီစဉ်ပေးထားတဲ့အတွက် သင်တန်းသားမပြည့်ခင်အမြန်ဆုံးလာအပ်ပေးကြပါခင်ဗျာ။
အသေးစိတ်စုံစမ်းရန်  m.me/pyinnyarhub
ဒီလို scholarship အခွင့်အလမ်းသတင်းတွေအပါအဝင် အခြားသောပညာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို Facebookမှာထက်အရင်သိရှိနိုင်ဖို့အတွက် Pyin Nyar Hubရဲ့ Telegram channelကိုလည်း ဒီမှာ joinထားလို့ရပါတယ်ဗျ။ 
#PyinNyarHub #scholarship