သင်ဟာ Scandinavian နိုင်ငံတွေထဲကတစ်ခု ဖြစ်တဲ့ Denmark နိုင်ငံမှာပညာသွားရောက်ဆည်းပူးလိုပါသလား ?
Denmark လို့ပြောလိုက်တာနဲ့ လူအများစုဟာ
အေးချမ်းသာယာလှပတဲ့နိုင်ငံတစ်ခုဖြစ်တဲ့
အပြင်ရှေးခေတ်က Danish လူမျိုး Vikings
ကြီးတွေရဲ့အခြေချနေထိုင်ခဲ့တဲ့နိုင်ငံတစ်ခု
အဖြစ်ပြေးမြင်လေ့ရှိကြပါတယ်
Denmark နိုင်ငံဟာ ပညာရေး စီးပွားရေး လူမှုရေးတို့မှာ အစစအရာရာတိုးတက်နေတဲ့
နိုင်ငံတစ်ခုဖြစ်ပြီး ပညာသင်စရိတ်အခမဲ့နဲ့
ကမ္ဘာ့အဆင့်မှီပညာရေးကိုသင်ကြားပေးနေတဲ့
နိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်
Denmark နိုင်ငံမှာဘာကြောင့်ပညာသင်ယူ
သင့်တာလဲ ?
Scandinavian နိုင်ငံတွေဖြစ်တဲ့ Norway Sweden နဲ့ Denmark တို့ဟာကမ္ဘာ့အဆင့်မှီ
ပညာရေးကို နိုင်ငံတစ်ကာကလာတဲ့ ကျောင်းသား / ကျောင်းသူတွေအတွက်အခမဲ့
သင်ကြားပေးတဲ့နိုင်ငံဖြစ်ပါတယ်
Denmark နိုင်ငံမှာ တက္ကသိုလ် ပေါင်း 8 ခုရှိပြီး အဲ့ထဲက 2 ခုဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် Top 100 စာရင်းဝင်ထားတာ ဖြစ်ပါတယ် ဒါ့အပြင် Denmark နိုင်ငံမှာရှိတဲ့
Universities အားလုံးဟာ Public Universities
တွေချည်းပဲဖြစ်ပါတယ်
Denmark နိုင်ငံမှာဆိုရင် Part-Time Job တွေ
အလွန်ပေါများတဲ့အပြင် သင်အားရင်အား
သလိုလည်ပတ်ကြည့်ရှုနိုင်တဲ့ရှုခင်းတွေလည်း
အများကြီးရှိနေပါသေးတယ်
ဒါ့အပြင် English နဲ့ဆိုင်တဲ့ဘွဲ့ဒီဂရီတွေအလွန် များပြားတဲ့အတွက် ဘာသာစကားအခက်အခဲ
ရှိသူတွေအတွက်တော့ စိတ်ပူစရာမလိုတော့
ပါဘူး ( IELTS / TOEFL တို့တော့တက်ထား
ဖို့လိုမယ်နော် )
Denmark နိုင်ငံမှာပညာသင်ဖို့ ဘယ်လို တွေပြင်ဆင်ရမလဲ ?
သင်ဟာ အာဆီယံကျောင်းသားတစ်ယောက်
အနေနဲ့သွားမယ်ဆိုရင်တော့ Scholarship ကို
လျှောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်
Denmark အစိုးရဟာ Europe နိုင်ငံတွေထဲက
ကျောင်းသားတွေကို Application Fee, Tution Fee မတောင်းပေမဲ့ အခြားဘက်ကလာတဲ့သူ
တွေဆိုရင်တော့တောင်းခံလေ့ရှိပါတယ်
အဲ့တာကြောင့် Scholarship လျှောက်မယ်ဆိုမှ
အဆင်ပြေနိုင်မှာဖြစ်ပြီး Scholarship လျှောက်
ရင်လည်းသူတို့ပေးထားတဲ့အချက်အလက်တွေနဲ့ကိုက်
ညီမှသာ Scholarship ရအောင်လုပ်ပေးမှာ
ဖြစ်ပါတယ် ( အထွေထွေဗဟုသုတအပြင်
သူတို့ရဲ့ Danish ဘာသာစကား ဒါမှမဟုတ်
English လိုအခြေခံကျကျပြောတက်ဖို့လိုအပ်
ပါတယ် )
သင်ဟာ Denmark နိုင်ငံမှာပညာသင်နေစဥ်
အတွင်း Application Fee, Tution Fee,
Accommodation Fee တို့အပါအဝင် တစ်နှစ်ကို DKK 45000-120000 ကြားကုန်ကျ
ဖွယ်ရှိနေတာကြောင့် Scholarship ကရတဲ့ ဝင်
ငွေအပြင် အခြားအချိန်ပိုင်းအလုပ်ကနေရတဲ့
ဝင်ငွေရှိမှအဆင်ပြေနိုင်မှာဖြစ်ပါတယ်
သို့သော် သင်ကအသုံးအဖြုန်းကြီးသူမဟုတ်ရင်တော့ကုန်ကျစရိတ်က တစ်နှစ်ကို
DKK 45000-60000 ဝန်းကျင်ပဲကျသင့်မှာဖြစ်
ပါတယ်
DDK 45000-60000 ဆိုသင့်အနေနဲ့တစ်နှစ်ကို USD 7500 နဲ့ 11000 ဝန်းကျင်ကုန်ကျမှာဖြစ်
ပါတယ်
Denmark နိုင်ငံမှာပညာသင်ဖို့အတွက် Scholarship လျှောက်လို့ရနိုင်မဲ့နေရာကတော့ >
https://studyindenmark.dk/start-page/study-options/scholarships
ဒီလို scholarship အခွင့်အလမ်းသတင်းတွေအပါအဝင် အခြားသောပညာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို Facebookမှာထက်အရင်သိရှိနိုင်ဖို့အတွက် Pyin Nyar Hubရဲ့ Telegram channelကိုလည်း ဒီမှာ joinထားလို့ရပါတယ်ဗျ။
#PyinNyarHub #scholarship