Sweden(ဆွီဒင်) မှာကျောင်းတက်ချင်လား???
Sweden နိုင်ငံဟာ လက်ရှိ နည်းပညာ၊စီးပွားရေး၊ပညာရေးမှာလည်း သူမတူအောင်ဦးဆောင်နေပြန်ပါတယ်။
Swedenဟာ Part Time လုပ်ရင်း ကျောင်းတက်လို့အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးကမ္ဘာကျော်ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့
Karolinska Institute
Lund University
Uppsala Universityတို့ရဲ့ ဂုဏ်သတင်းဟာလည်းနိုင်ငံတကာက ကျောင်သားးတွေအတွက် ဆွီဒင်မှာပညာလာသင်ဖို့ဖိတ်ခေါ်နေသလိုပါပဲ။
ဒါ့အပြင် ဆွီဒင်ဟာဆန်းသစ်တီထွင်မှုနဲ့ အင်ဂျင်နီယာလောက မှာဂုဏ်သတင်းရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဆွီဒင်တက္ကသိုလ်များမှ သုတေသနပြုမှုများဟာလည်းball bearing,Bluetoothတို့အပြင် ကမ္ဘာကျော် Application နဲ့ Software တွေဖြစ်တယ့် Skype နှင့် Spotify တို့ရဲ့တီထွင်မှုများကိုကူညီခဲ့ပါတယ်။
တက္ကသိုလ်campusတွေနဲ့ပျော်ပျော်ကြီး လွတ်လပ်စွာပညာသင်
ကြားချင်သူများအတွက်Sweden ဟာမေ့ထားလို့မရတဲ့အနေအထားတစ်ရပ်မှာတည်ရှိနေဆဲဖြစ်ပါတယ်။
Engineering Fieldမှာနာမည်ကောင်းနဲ့ လွှမ်းမိုးနေတဲ့Swedenနိုင်ငံရဲ့Campusများကိုအောက်ကLinkလေးမှာဝင်ကြည့်သွားနိုင်ပါတယ်
https://www.timeshighereducation.com/student/best-universities/best-universities-sweden
Tuition Fees for International Students
EU/EEA မဟုတ်သော နိုင်ငံများမှ နိုင်ငံတကာမှကျောင်းသားများအတွက် တက်ရောက်မည့် ဘာသာနှင့် တက္ကသိုလ်ပေါ်မူတည်၍ ကုန်ကျစရိတ်မှာ တစ်နှစ်လျှင် £7,500 မှ£ 25,500 ဝန်းကျင်ရှိပါတယ်။ စီးပွားရေးဘာသာရပ်နှင့် ဗိသုကာပညာရပ်များသည် ငွေကုန်ကြေးကျ အများဆုံး ဘာသာရပ်များဖြစ်ပါတယ်။ EU/EEA နိုင်ငံသားမဟုတ်သော နိုင်ငံတကာမှ ကျောင်းသားများက university application fees £90 ပေးဆောင်ရမှာဖြစ်ပြီး university ပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။
ဆွီဒင်တွင် ကျောင်းသားတစ်ယောက် နေထိုင်မှု ပျမ်းမျှကုန်ကျစရိတ်တစ်လလျှင် £700 မှ £ 1,200 ကြားရှိပါတယ်
တည်းခိုစရိတ်
တည်းခိုနေထိုင်ရန် ရှာဖွေရန် အကောင်းဆုံးနေရာကတော့ တက္ကသိုလ်ဖြစ်ပါတယ်။ကျောင်းသားများနေထိုင်ရာခန်းမများ (သို့မဟုတ် အဆောင်များ) စျေးနှုန်းများက တစ်လလျှင် £240 မှ £620
ဒုတိယရွေးချယ်ဖို့ အတွက်ကတော့ တိုက်ခန်းငှားရမ်းခြင်း တစ်လလျှင်£ 350 နှင့် £ 700ဝန်းကျင်ရှိပါတယ်။
အစားအသောက်ကုန်ကျစရိတ်
ဆွီဒင်မှာ အစားအသောက်စရိတ်အတွက် £200 ခန့် ကျသင့်ပါတယ်။ စားဆေယက်ဆိုင်များတွင် 8 £မှ 10 £ ကျပါမယ်။
Transportation cost
ကျောင်းသားများအတွက် public transportation cost သည် တစ်လလျှင် £40 -£ 55 ဝန်းကျင်ကျသင့်ပါမယ်။ စက်ဘီးတစ်စီးကိုလည်းရွေးချယ်နိုင်ပြီး ထိုအတွက် ယူ£110 ဝန်းကျင်ကျသင့်ပါတယ်။ ဆွီဒင်ရှိ ကျောင်းသား ၂၇ ရာခိုင်နှုန်းခန့်က မြို့တွင်း ခရီးသွားရန် စက်ဘီးကို အသုံးပြုကြပါတယ်။
အပိုကုန်ကျစရိတ်
စာအုပ်များနှင့် အခြားလေ့လာမှုပစ္စည်းများအတွက် တလလျှင် £ 80 ခန့်၊
လူမှုရေးလုပ်ငန်းများနှင့် ဖျော်ဖြေရေးများအတွက် တစ်လလျှင်£ 70- £100
ကျန်းမာရေးအာမခံနှုန်းထားများသည် တစ်လလျှင် 30 £မှ စတင်၍ရှိပါတယ်။
𝐒𝐰𝐞𝐝𝐞𝐧 နိုင်ငံမှာ
ဆွီဒင်အစိုးရကထောက်ပံ့ပေးထားတဲ့ 𝐒𝐰𝐞𝐝𝐢𝐬𝐡 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရှိပါတယ်။
Master’s Degree အတွက်သာလျှောက်လို့ရပြီး တစ်နှစ် (သို့) နှစ်နှစ်ကြာမှာဖြစ်ပါတယ်။
Fully funded ဖြစ်ပြီး အသေးစိတ်သိချင်ရင်တော့ ဒီထဲမှာ
https://si.se/en/apply/
https://opportunitiescorners.info/sweden-government-scholarship-2020/
မှာ ဝင်လေ့လာနိုင်ပါတယ်။
ဒီလို scholarship အခွင့်အလမ်းသတင်းတွေအပါအဝင် အခြားသောပညာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို Facebook‌အပြင် သိရှိနိုင်ဖို့အတွက် Pyin Nyar Hubရဲ့ Telegram channelကိုလည်း ဒီမှာ joinထားလို့ရပါတယ်။
t.me/pyinnyarhub
#PyinNyarHub #scholarship #abroad_studyBest universities in Sweden 2022EnterKaungသင်ဟာ Scandinavian နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ Denmark နိုင်ငံမှာပညာသွားရောက်ဆည်းပူးလိုပါသလား ?
Denmark လို့ပြောလိုက်တာနဲ့ လူအများစုဟာအေးချမ်းသာယာလှပတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင်ရှေးခေတ်က Danish လူမျိုး Vikings ကြီးတွေရဲ့အခြေချနေထိုင်ခဲ့တဲ့နိုင်ငံတစ်ခုအဖြစ်ပြေးမြင်လေ့ရှိကြပါတယ်
Denmark နိုင်ငံဟာ ပညာရေး စီးပွားရေး လူမှုရေးတို့မှာ အစစအရာရာတိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပြီး ပညာသင်စရိတ်အခမဲ့နဲ့ကမ္ဘာ့အဆင့်မှီပညာရေးကိုသင်ကြားပေးနေတဲ့နိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်
Denmark နိုင်ငံမှာဘာကြောင့်ပညာသင်ယူသင့်တာလဲ ?
Scandinavian နိုင်ငံတွေဖြစ်တဲ့ Norway Sweden နဲ့ Denmark တို့ဟာကမ္ဘာ့အဆင့်မှီပညာရေးကို နိုင်ငံတစ်ကာကလာတဲ့ ကျောင်းသား / ကျောင်းသူတွေအတွက်အခမဲ့သင်ကြားပေးတဲ့နိုင်ငံဖြစ်ပါတယ်
Denmark နိုင်ငံမှာ တက္ကသိုလ် ပေါင်း 8 ခုရှိပြီး အဲ့ထဲက 2 ခုဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် Top 100 စာရင်းဝင်ထားတာ ဖြစ်ပါတယ် ဒါ့အပြင် Denmark နိုင်ငံမှာရှိတဲ့Universities အားလုံးဟာ Public Universitiesတွေချည်းပဲဖြစ်ပါတယ်
Denmark နိုင်ငံမှာဆိုရင် Part-Time Job တွေအလွန်ပေါများတဲ့အပြင် သင်အားရင်အားသလိုလည်ပတ်ကြည့်ရှုနိုင်တဲ့ရှုခင်းတွေလည်းအများကြီးရှိနေပါသေးတယ်
ဒါ့အပြင် English နဲ့ဆိုင်တဲ့ဘွဲ့ဒီဂရီတွေအလွန် များပြားတဲ့အတွက် ဘာသာစကားအခက်အခဲရှိသူတွေအတွက်တော့ စိတ်ပူစရာမလိုတော့ပါဘူး ( IELTS / TOEFL တို့တော့တက်ထားဖို့လိုမယ်နော် )
Denmark နိုင်ငံမှာပညာသင်ဖို့ ဘယ်လို တွေပြင်ဆင်ရမလဲ ?
သင်ဟာ အာဆီယံကျောင်းသားတစ်ယောက်အနေနဲ့သွားမယ်ဆိုရင်တော့ Scholarship ကိုလျှောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်
Denmark အစိုးရဟာ Europe နိုင်ငံတွေထဲကကျောင်းသားတွေကို Application Fee, Tution Fee မတောင်းပေမဲ့ အခြားဘက်ကလာတဲ့သူတွေဆိုရင်တော့တောင်းခံလေ့ရှိပါတယ်
အဲ့တာကြောင့် Scholarship လျှောက်မယ်ဆိုမှအဆင်ပြေနိုင်မှာဖြစ်ပြီး Scholarship လျှောက်ရင်လည်းသူတို့ပေးထားတဲ့အချက်အလက်တွေနဲ့ကိုက်ညီမှသာ Scholarship ရအောင်လုပ်ပေးမှာဖြစ်ပါတယ် ( အထွေထွေဗဟုသုတအပြင်သူတို့ရဲ့ Danish ဘာသာစကား ဒါမှမဟုတ်English လိုအခြေခံကျကျပြောတက်ဖို့လိုအပ်ပါတယ် )
သင်ဟာ Denmark နိုင်ငံမှာပညာသင်နေစဥ်အတွင်း Application Fee, Tution Fee,Accommodation Fee တို့အပါအဝင် တစ်နှစ်ကို DKK 45000-120000 ​ကြားကုန်ကျဖွယ်ရှိနေတာကြောင့် Scholarship ကရတဲ့ ဝင် ငွေအပြင် အခြားအချိန်ပိုင်းအလုပ်ကနေရတဲ့ဝင်ငွေရှိမှအဆင်ပြေနိုင်မှာဖြစ်ပါတယ်
သို့သော် သင်ကအသုံးအဖြုန်းကြီးသူမဟုတ်ရင်တော့ကုန်ကျစရိတ်က တစ်နှစ်ကိုDKK 45000-60000 ဝန်းကျင်ပဲကျသင့်မှာဖြစ်ပါတယ်
DDK 45000-60000 ဆိုသင့်အနေနဲ့တစ်နှစ်ကို USD 7500 နဲ့ 11000 ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်
Denmark နိုင်ငံမှာပညာသင်ဖို့အတွက် Scholarship လျှောက်လို့ရနိုင်မဲ့နေရာကတော့ >
https://studyindenmark.dk/start-page/study-options/scholarships
ဒီလို scholarship အခွင့်အလမ်းသတင်းတွေအပါအဝင် အခြားသောပညာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို Facebookမှာထက်အရင်သိရှိနိုင်ဖို့အတွက် Pyin Nyar Hubရဲ့ Telegram channelကိုလည်း ဒီမှာ joinထားလို့ရပါတယ်ဗျ။ t.me/pyinnyarhub#PyinNyarHub #scholarship